MENU

Number of Endorsement: 71665

Nationality: 200   (List)

နိုင်ငံတကာ အသိတရားနေ့ ကြေညာချက်

ချစ်ခြင်းမေတ္တာနှင့် အသိတရားတို့ဖြင့် ငြိမ်းချမ်းရေးယဉ်ကျေးမှုကို မြှင့်တင်ခြင်း


ပထမကမ္ဘာစစ် ပြီးဆုံးခဲ့သည်မှာ ရာစုနှစ်တစ်ခု ကျော်လာခဲ့ပြီး ဒုတိယကမ္ဘာစစ် ပြီးဆုံးခဲ့သည်မှာ ဆယ်စုနှစ် ခုနှစ်ကြိမ် ကျော်လာခဲ့ပြီ ဖြစ်ပါသည်။ စစ်ပွဲများကြောင့် ယူကျုံးမရဖြစ်ရခြင်းများက လူသားအားလုံး၏ ငြိမ်းချမ်းခြင်းအတွက် ပြင်းပြသောဆန္ဒကို ပိုမိုနက်ရှိုင်းစေခဲ့ပါသည်။ ကမ္ဘာကြီးက အုတ်အော်သောင်းတင်း ဖြစ်နေသော်လည်း လူသားမျိုးနွယ်စု၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများက ရပ်တန့်ခဲ့ခြင်း မရှိသေးပါ။

မိခင်ကမ္ဘာမြေကြီးနှင့် လူအများအတွက် အကျိုးဖြစ်ထွန်းစေရန် နယ်ပယ်စုံ အောင်မြင်နိုင်သည့် အစီအစဉ်များအပြင် ငြိမ်းချမ်းရေးနှင့် စိတ်သဘောထားညီညွတ်ခြင်းကို တက်ကြွစွာ ကြိုးပမ်းရှာဖွေနေသော ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပြီး အချင်းချင်း ဆက်နွှယ်နေသည့် ကမ္ဘာ့နိုင်ငံသားအားလုံးအား စာနာရိုင်းပင်းတတ်မှု၊ ရဲစွမ်းသတ္တိရှိမှုနှင့် စစ်မှန်သော ရှုမြင်တွေးခေါ်မှုများဖြင့် နိုင်ငံတကာနှင့် အမျိုးသားရေး ပြဿနာများကို အတူတကွ ဖြေရှင်းပေးရန် တိုက်တွန်းအပ်ပါသည်။

ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းခြင်းက ကမ္ဘာ့နိုင်ငံသားအားလုံး၏ ချမ်းသာသုခကို တိုးပွားစေသည့်အပြင် ၎င်းတို့က တစ်ကမ္ဘာလုံး၏ ရေရှည်တည်တံ့ခိုင်မြဲမှုအတွက် အရေးအကြီးဆုံးသော အုတ်မြစ်များ ဖြစ်ပါသည်။စီးပွားရေး၊ လှုမှုရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ နည်းပညာနှင့် ပညာရေးဆိုင်ရာ တိုးမြှင့်လုပ်ဆောင်မှုများကို မြှင့်တင်ရာတွင် သမမျှတမှုရှိစေရန် ကမ္ဘာ့နိုင်ငံသားအားလုံးတို့၏ စိတ်နှလုံးအတွင်း ချစ်ခြင်းမေတ္တာကို ထည့်သွင်းထားရန် တိုက်တွန်းအပ်ပါသည်။

အသိတရားဆိုသည်မှာ ချစ်ခြင်းမေတ္တာ၏ ရေသောက်မြစ်ဖြစ်ပါသည်။ လူသားအားလုံး၏ ယေဘုယျကောင်းခြင်းအတွက် အတူတကွ ပူးပေါင်းလုပ်ကိုင်ကြသည့် စည်းလုံးညီညွတ်သော ကမ္ဘာကြီးဖြစ်လာစေသည့် ချစ်ခင်ရင်းနှီးမှုများ၊ မိသားစုစိတ်ဓာတ်များနှင့် နိုင်ငံတကာ ဆက်ဆံရေးများကို တိုးပွားလာစေသည့် ချစ်ခြင်းမေတ္တာ၊ သည်းခံတတ်မှု၊ လက်ခံတတ်မှုနှင့် လူအများကြားတွင် ဂရုစိုက်တတ်မှုတို့ တိုးတက်လာစေရန် အလို့ငှာ ကမ္ဘာ့နိုင်ငံသားများ၏ အသိတရားကို နှိုးဆွပေးရန်မှာ အထူးအရေးကြီးပါသည်။

အထူးကောင်းမွန်သော ယဉ်ကျေးမှုမှာ ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်သည့် အရည်အသွေးမီ ပညာရေး၏ အခြေခံအုတ်မြစ်ဖြစ်ပါသည်။နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများကို တိုးတက်လာစေရန် အခြားနိုင်ငံ ယဉ်ကျေးမှုများနှင့် ပညာရေးစနစ်များ၏ အကောင်းဆုံးကဏ္ဍများကို ပေါင်းစပ်ပြီး အသိတရားရှိသော ယဉ်ကျေးမှုတစ်ခုကို မြှင့်တင်ရန် နိုင်ငံများအား တိုက်တွန်းအပ်ပါသည်။

လူသားများစွာက ၎င်းတို့၏ အသိစိတ်အတိုင်းလုပ်ဆောင်ပြီး ၎င်းတို့ကိုယ်တိုင်အား ချစ်ခြင်းမေတ္တာ ဖြန့်ဝေခြင်း၊ မတူကွဲပြားမှုတွေကို မစဉ်းစားဘဲ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ခြင်းကို အားပေးခြင်း၊ သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် အသိဉာဏ်ပညာကို သုံးခြင်းနှင့် အခြားလူများကိုလည်း ထိုနည်းတူစွာ ပြုလုပ်ရန် စေ့ဆော်ခြင်း ပြုလုပ်သည့်အခါ၊ ကမ္ဘာကြီး ငြိမ်းချမ်းလာမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍၊ ယခုအခါ လူအများအား ၎င်းတို့၏ အသိစိတ်ကို နားထောင်ပြီး လူတိုင်း၏ အသိတရားအား နှိုးဆွပေးကာ ကမ္ဘာကြီး ငြိမ်းချမ်းလာစေရန်အလို့ငှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်ဆောင်သွားရန်အတွက် ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို အားပေးခြင်း၊ ချစ်ခြင်းမေတ္တာနှင့် အသိတရား ပညာပေးရေး ပရိုဂရမ်များ ကျင်းပခြင်း၊ စိတ်နှလုံးငြိမ်းချမ်းရေး ရနိုင်ရန် ရည်ရွယ်ချက်များဖြင့် မိမိကိုယ်ကို သိနားလည်နိုင်ရန် အချိန်ယူခြင်းတို့ဖြင့် နေ့တစ်နေ့ကို ချီးကျူးဂုဏ်ပြုနိုင်စေရန် ကမ္ဘာငြိမ်းချမ်းရေးနှင့် ချစ်ခြင်းမေတ္တာ အဖွဲ့ချုပ်က ဧပြီလ ၅ ရက်နေ့အား "နိုင်ငံတကာ အသိတရားနေ့ " အဖြစ် ကြေညာအပ်ပါသည်။


Dr. Hong, Tao-Tze
President of the Federation of World Peace and Love

၂၀၁၉၊ ဖေဖေါ်ဝါရီ ၅ ရက်တွင် ကမ္ဘာတစ်ဝှမ်းလုံး၌ ကြေညာခဲ့သည်


ထောက်ခံချက်ပေးရန်





ဤဝဘ်ဆိုက်တွင် အထက်ပါ အချက်အလက်အား ထုတ်ဖော်ပြသရန် ဆန္ဒရှိပါသည်။ 
      

DECLARATION OF INTERNATIONAL DAY OF CONSCIENCE